Labels:

@@@ သူငယ်ချင်း @@@



စကားလုံးလေးက သုံးလုံးတည်းပါပဲ ... ဒါပေမယ့် သူ့ရဲ့အနက်ကတော့ ကျယ်ပြန့်လွန်းတယ်ထင်ပါတယ်။ သူငယ်ချင်း
အချို့ က မထင်မှတ်တဲ့နေရာမှာ မထင်မှတ်ပဲကောက်တွေ့ ခဲ့ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းအချို့ ဟာ မထင်မှတ်ပဲ
ကိုယ်သူငယ်ချင်း ဖြစ်လာကြတယ်။ လူချင်းမမြင်ဖူးပဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်။
လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြတာလည်း ရှိတယ်။ အိမ်မှားဝင်ပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်း
တွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။



ငယ်ငယ်တုန်းက
ကျောင်းတုန်းက အတူသွား ၊အတူစားခဲ့ကြတဲ့ သူငယ်ချင်းတွေက ကျောင်းပြီးတော့ ရေကြည်ရာ
မြတ်နုရာကို ရှာကြရင်း တကွဲတပြားဆီ ဖြစ်ပြီး အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ် ။ သူငယ်ချင်းတွေ မှာ
အသက်အပိုင်းအခြား မရှိဘူး။ ကိုယ်နဲ့ရွယ်တူရှိသလို ကိုယ်ထပ်ကြီးတဲ့သူ ငယ်တဲ့သူလည်းရှိတယ်။ ကြီးတဲ့ သူငယ်ချင်း
တွေကနေ ကိုယ်မှာမရှိသေးတဲ့ အတွေ အကြုံကိုယူတယ်။ ငယ်တဲ့သူငယ်ချင်းတွေဆီကနေ ကိုယ်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်း
တဲ့ ရိုးသားမှုတွေကိုပြန်ရှာတယ် ။



သူငယ်ချင်းတွေမှာ အသက်အရွယ် ၊ဆင်းရဲချမ်းသာ မခွဲခြားဘူး။ သူငယ်ချင်းတွေဟာ နွေ ၊မိုး ၊ဆောင်း ပြောင်းနေတဲ့
ရာသီတွေနဲ့ တူတယ်။ တချို့ က ပူးပြင်းတဲ့ နွေနဲ တူတယ် ။ တချို့ က နွေရဲ့ အပူဒဏ်ကို လျှော့ပေးတဲ့ မိုးနဲ တူတယ် ။
တချို့ က အေးမြတဲ့ ဆောင်းနဲ့ တူတယ် ။မတူညီတဲ့ ရာသီနဲ့ အလှအပတွေကို ခံစားရင်း ကိုယ်ဘ၀ကို ဖြတ်သန်းခဲ့တယ်။
သူတို့ နဲ့ ကိုယ်ဘယ်လို စသိ စခင်ခဲ့တယ်ဆိုတာမမှတ်မိတော့ပေမဲ့ ၀မ်းနည်းစရာ ၊၀မ်းသာစရာ တွေနဲ့ ကြုံတိုင်း သူတို့ ကို
ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို မြင်တိုင်း သူတို့ နဲ့ ကိုယ်မျှဝေချင်ခဲ့တယ် ။



ကွန်ပျူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့အရာတွေကို သူတို့ ကြည့်ပြီး ပျော်နေမလား ...............
မေလ်းဘောက်ပြည့်သွားတာ ကိုယ်စာကြောင့်လို့  စိတ်ပျက်ပျက်နဲ့  ငြီးငြူနေကြမလား ......................
ဘာတွေ လျှောက်ရေးထားလည်း မသိဘူးဆိုပြီး မဲ့နေမလား .......................။
သတိရကြောင်း ၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုက်ဖော်မပြောပြတတ်လို့  အေးစက်တဲ့ ကွန်ပျူတာကတဆင့်


ဒီကမ္ဘာရဲ့ 

တစ်ထောင့် တစ်နေရာကနေ

သူငယ်ချင်းတွေ

ကျန်းမာပျှော်ရွှင်ဖို့ 

နွေးထွေးတဲ့

ကိုယ် မေတ္တာတရားတွေ နဲ့ 

တောင်းဆုပြုပါရစေ ။


0 comments: