Labels:

ချစ်သူငယ်ချင်းသို့ 

 
ငါပြုံးတဲ့အခါ နင်နားလည်ခဲ့ရင် ငါ့လက်ကိုတင်းတင်းဆုပ် ငါ့ကိုပြန်ပြုံးပြရင်ရပြီ။ 
 ငါငိုတဲ့အခါ နင်နားလည်ခဲ့ရင် နင့်ပုခုံးကို ခဏဌား ငါ့ကိုတိတ်တဆိတ် အဖော်ပြုရင်ရပြီ။ 
ငါစိတ်ဓာတ်ကျတဲ့အခါ နင်နားလည်ခဲ့ရင် ငါ့ကို နင့်ရင်ခွင်ထဲထွေးပွေ့ထား နင့်ရှေ့မှောက်မှာပဲ 
 ငါ့ကိုပျော့ညံ့ခွင့်ပေးရင်ရပြီ။ ငါစိတ်ပြောင်းစိတ်လွဲဖြစ်တဲ့အခါ နင်နားလည်ခဲ့ရင် ငါ့ကို ခွင့်လွှတ်ပေးပါ...
 နင့်မို့လို့ ငါစိတ်ရူးပေါက်ရဲခဲ့တာ တလောကလုံး ငါ့ကိုနားမလည်လို့ရတယ် နင်ကတော့ နားလည်ပေးပါ... 
နင်ဟာ ငါ့ရဲ့ချစ်သူငယ်ချင်းမို့ပါ...

0 comments: