Labels:

Health For All ‎** သတိပြုဖွယ် အန္တရာယ်**



 
 
** သတိပြုဖွယ် အန္တရာယ်**




မြန်မာပြည်ရဲ့ ဒီနှစ်နွေက အပူချိန်စံချိန်တင်မြင့်မားလာပါတယ်။ ဒီနေ့ပဲ အိမ်နားက သွေးတိုးရောဂါရှိတဲ့အဖွားတစ်ယောက် ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားပါတယ်။ အပူရှပ်ပြီး ဖျားနာတာလည်း များလာပါတယ်။ နွေအပူဟာ ဘာမှမဟုတ်သလိုနဲ့ တကယ်တော့ အားလုံးသတိပြုသင့်တဲ့ အန္တရာယ်တစ်ခုပါ။ ဒီတော့ မြန်မာပြည်သူပြည်သားအားလုံး နွေရာသီကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်အောင် လိုက်နာရမှာလေးတွေကို မျှဝေပေးလိုက်ပါတယ်။




- နေပူထဲမထွက်ခင် အနည်းဆုံး နာရီဝက်ကြိုပြီးတော့ နေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးနိုင်တဲ့ SPF အနည်းဆုံး ၃၀ လောက်ပါတဲ့ Suncream တွေကို မျက်နှာရော၊ ခြေလက်တွေပါ နေရောင်ခြည်နဲ့ ထိတွေ့ရမယ့်

နေရာမှန်သမျှကို လိမ်းပေးပါ။


- အကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ၀တ်ဆင်ပါ။ အပူမစုပ်တဲ့ အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် ချည်သားအ၀တ်အထည်တွေက အကောင်းဆုံးပါပဲ။


- အပြင်ထွက်တော့မယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တွေကို မမေ့ပါနဲ့။


- ဖြစ်နိုင်ရင် မနက် ၁၀ နာရီမှ ညနေ ၃ နာရီကြားမှာ နေပူထဲမထွက်ပဲ အရိပ်ထဲမှာပဲနေပါ။ အလုပ်လုပ်မှ ဖြစ်မယ်ဆိုရင်လည်း နားနားပြီး လုပ်ပါ။


- နေပူထဲအလုပ်လုပ်ရတဲ့သူတွေက ရေများများသောက်ပေးပါ။ ရေခဲရေ မသောက်ပါနဲ့။ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပါ။


- နေပူထဲ အလုပ်လုပ်ရတဲ့အခါ သာမန်ထက်ပိုပြီး စွမ်းအင်ကုန်တဲ့အတွက် အစားအစာများများစားပေးဖို့လည်း လိုပါတယ်။


- နေပူထဲမှာ အချိန်ကြာမြင့်စွာနေထိုင်ခြင်းကို ရှောင်ရှားပါ။


- သက်ကြီးရွယ်အိုများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အတက်ရောဂါရှိသူများကို ဂရုပြုစောင့်ရှောက်ပေးပြီး အရိပ်အာဝါသရရှိပြီး အေးမြတဲ့နေရာတွေမှာ ထားပါ။


- အရက်၊ ဘီယာ၊ ကော်ဖီတို့ဟာလည်း ရေဓာတ်ဆုံးရူံးမူကို ဖြစ်စေလို့ မသောက်သင့်ပါဘူး။


-အရက်သေစာ သောက်သုံးသူများအနေနဲ့ နေ့လည်နေ့ခင်းမှာ သောက်သုံးလျှင် အသက်အန္တရာယ်ထိခိုက်နိုင်လို့ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။


- နေပူထဲက ပြန်လာလာချင်း ရေခဲရေသောက်ခြင်း၊ ခြေလက်ဆေးခြင်း၊ ရေချိုးခြင်းတို့ကိုလည်း သတိပြုရှောင်ရှားရပါမယ်။
ဒီ Album မှာ ကျန်းမာရေးဗဟုသုတလေးတွေ၊ လမ်းညွှန်ချက်လေးတွေအပြင် ကျန်းမာရေးဆိုင်ရာအယူအဆမှားလေးေ
တွကိုပါ စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်.. လူတိုင်း ကျန်းမာရေးအသိတွေရှိနိုင်ဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်.. သူငယ်ချင်းတို့ ဒီပုံလေးတွေကို ထပ်ဆင့်ရှယ်ပြီး ကျန်းမာရေးဗဟုသုတလေးတွေကို မျှဝေပေးနိုင်ပါတယ်..း) **** Myanmar Sky Link ( Myanmar Health & Beauty Website ) **** ☺☻♥♦♣♠•◘○ www.myanmarskylink.com ○◘•♠♣♦♥☻☺

0 comments: