Labels:

ကျွန်တော် ဖတ်ဘူးသော ဒဿနစကားများ (၂)

၁။ အခွင့်အရေးဟူသည် လူတိုင်းဆီသို့  တစ်ကြိမ်မဟုတ်တစိကြိမ် ရောက်လာလေ့ရှိပါသည်။
ထိုအခွင့်အရေးကို အသုံးချတတ်ခြင်းနှင့် ဥပေက္ခာပြုနေခြင်းကြောင့်သာ ရရှိသောရလဒ်ခြင်း
မတူညီကြခြင်းဖြစ်ပါသည်။

၂။ ရွှေအစရှိသော ရတနာတို့ သည် တန်ဖိုးသတ်မှတ်ချက်များ အသီးသီးရှိကြသည်။
ကိုယ်ပိုင်တွေးတောကြံဆမှုမှ ရရှိသော စိတ်ကူးသည် တန်ဖိုးမဖြတ်နိုင်သည့်
ရတနာပင် ဖြစ်ပေသည်။


၃။ သင်ဒုက္ခဆင်းရဲနှင့်  ကြုံတွေ့ နေစဉ်က ဥပေက္ခာပြုထားခဲ့သူသည်
သင်ကြီးပွားချမ်းသာလာသောအခါ သူကရှေ့ဆုံးမှ ရောက်လာလေ့ရှသည်။


၎။ ပျော်ရွှင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ  စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ
ဘ၀တက်လမ်းအတွက် မှန်ကန်သော ရွေးချယ်မှုဆိုပါက သင့် အနေနှင်
့ကြိုးစားသင့်ပေသည်။



၅။ အပြုသဘောဆောင်သည့် စိတ်ကနည်းလမ်းကောင်းများကို ရှာဖွေနေချိန်မှာ
အဖျတ်သဘေဆောင်သည့် စိတ်က ပျက်စီးစေနိုင်သော နည်းလမ်းများကိုသာ
တွေးတောကြံဆနေလေသည်။


၆။ မည်သည့်အရာကိုမဆို စိတ်အားထက်သန်မှုနှင့် ဆောင်ရွတ်ပါက ကြောက်စိတ်နှင့်
စိုးရိမ်စိတ်တို့ မှာအဝေးသို့  ဖယ်ခွာသွားလေ့ရှိသည်။


၇။ စာဖတ်ခြင်းသည် အသိပညာအတွက်ဖြစ်ပြီး လက်တွေ့ လုပ်ခြင်းက အတတ်
ပညာအတွက်ဖြစ်သည်။ ထိုနှစ်ခုကို ညီမျှအောင်လုပ်မှ ဘ၀ဟန်ချက်ညီပေမည်။

  
သူငယ်ချင်းများအားလုံးကို ခင်မင်လျှက် 
                                         ညချစ်သူ

0 comments: