Labels:

လက်တွေ့ ကျင့်သုံးရေး

လောက၌ ပတ်ဝန်းကျင်ကို ရှုမြင်တတ်ရေးသည် အရေးကြီး၏ ။
 ကြည့်သောအရာကို ကောင်းစွာ မြင်ရေးသည် ပို၍ အရေးကြီး၏ ။
 မြင်သော အရာကို သဘောပေါက်ခြင်းက ထိုထက် တစ်ဆင့်မြင့်၏ ။
တစ်ဖန် ထိုသဘောပေါက် နားလည်သော အရာမှ သင်ခန်းစာ
ထုတ်ယူတတ်ရေးသည်လည်း အရေးကြီးပြန်၏ ။ သို့သော် တကယ်
အရေးအကြီးဆုံးကား ရရှိထားသော သင်ခန်းစာအတိုင်း လက်တွေ့
ကျင့်သုံးဆောင်ရွက်ရေးပင် ဖြစ်ပေသည် ။

0 comments: