Labels:

သွေးချင်းတို့ရဲ့ ဇာတိမာန်

“သွေးချင်းတို့ရဲ့ ဇာတိမာန်” ဒို့ရေကိုသောက် သူခြိမ်းခြောက်၏။
 ဒို့ဆန်ကိုစား သူစော်ကား၏။ ဒို့မြေကိုလှန် သူမာန်တက်၏။
 ဒို့အရိပ်ကိုခို လူကိုမျို၏။ ဖော်ရွှေပွင့်လင်း၊ ညီညွတ်ခြင်းနှင့်
 စေတနာထား၊ မာန်မပွားလည်း ဒင်းတို့မတန်၊ ခြေစုံကန်၏။
ညီနောင်သားချင်း၊ သွေးနှင့်ရင်းသည့် အထိကရုဏ်း၊ နှလုံးသားထိ
ပူဆွေးလောင်မြိုက်၊ အသည်းခိုက်နာ ငါတို့အမျက်၊ ရင်ထဲဝှက်သို
တားဆီးလိုလည်း....... ညီနောင်အရေး၊ ဒို့အရေးမို့ ၀ံသာနုမာန်၊ လှိုက်လှိုက်လျှံတက် စော်ကားရန်စ၊ မြူမှုန်မျှလည်း ငါတို့မခံ၊ နယ်ချဲ့ရန်ကို
 စုပေါင်းကာကွယ်၊ အမြစ်တွယ်သည့် တိုင်းရင်းသားစိတ်၊ ရင်ဝယ်ဖိတ်လျှက်
နယ်ချဲ့မှန်လျှင် တော်လှန်မည်။ ။

 မောင်ပါလ ၉.၆.၂၀၁၂

0 comments: